Tel: 0041 61 831 04 50
Email: info@bcm.li

ကျောင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့
ပထမဦးဆုံးလှူဒါန်းသည့် ပစ္စည်းများကို ၂၀၁၂ခုနှစ်မတ်လတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပါသည်။ ၄င်းပစ္စည်းများတွင်ကွန်ပျုတာအလုံး၁၀၀၊ ၀ိုက်ဘုတ်အလုံး၁၀၀ကျော်၊စာရေးစက္ကူ၂တန်၊ဘီဒိုအလုံး၂၀ကျော်နှင့် အ၀တ်အစားများ စက္ကူပုံး၂၀ကျော်တို့အား ဘုန်းဘုန်းအရှင်ဥာဏိသရမှဦးဆောင်၍ လိုအပ်သောနေရာများသို့လှူဒါန်းခဲ့ပါသည်။

ကရင်ပြည်နယ်
ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင်နေ့စဉ်ရပ်တည်မှု အတွက်ပဒေသာပင် စိုက်ထူ၍ လှူဒါန်းထားပါသည်။ ထို့အပြင်အခြားသောကျောင်း သုံးသင်ထောက်ကူပစ္စည်းများနှင့် အဆောက်အဦးများပြုပြင်ရန်အတွက်လည်း အထောက်အပံ့များပေးအပ်ထားပါသည်။

ပန်းအော့ကျေးရွာ (ချင်းပြည်နယ်)
တောင်တန်းသာသနာပြုဆရာတော် ဦးဆောင်တည်ဆောက်ထားသောမူလတန်းကြိုကျောင်း အတွက်လိုအပ်သောနေရာတွင် အသုံးပြုနိုင်ရန်အတွက်လှူဒါန်းထားပါသည်။

အစဲကြီးကျေးရွာ (ဧရာဝတီတိုင်းဒေသကြီး)
၂၀၀၈ခုနှစ်တွင်တိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းဒေသ၊ဒေးဒရဲမြို့နယ်အတွင်းရှိအဆဲကြီးကျေးရွာတွင် ကနဦးတွင်ဆွစ်ဇာလန်မှ Mr. Roman Saxerလှူဒါန်းထားသောကျောင်းဆောင် အသစ်ရှိစာကြည့်တိုက်တွင် လိုအပ်သောပရိဘောဂများနှင့် ကလေးများဆော့ကစားနိုင်သောပစ္စည်းကရိယာများကိုလှူဒါန်းခဲ့ပါသည်။

ဘုန်းတော်ကြီးပညာသင်ကျောင်း (ရန်ကုန်မြို့)
ဆွစ်ဇာလန်မှ Mr. Roman Saxerနှင့် အတူရန်ကုန်မြို့ရှိဘုန်းတော်ကြီး ပညာသင်ကျောင်းတစ်ကျောင်းသို့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်သောပစ္စည်းများနှင့် ကျန်းမာရေးအထောက်အပံ့များကိုပေးအပ်ခဲ့ပါသည်။

ကျောင်းသုံးပစ္စည်းများ
၂၀၀၉နှင့်၂၀၁၀ ပြည့်နှစ်တွင်တန် (၂၀) ကျော်အလေးချိန်ရှိသောကျောင်းသုံး သင်ထောက်ကူပစ္စည်းများ ဖြစ်သည့် စားပွဲအလုံး (၂၅၀)၊ ထိုင်ခုံးအလုံး (၄၀၀) ၊ဘီဒိုများ၊ကျောက်သင်ပုန်းများ၊ စာရေးစက္ကူများ၊ ကွန်ပျုတာအလုံးရေပေါင်း (၁၅၀) တို့အားတောင်အာဖရိကတိုက် ( Senegal နိုင်ငံ – ဒါကာမြို့) ရှိကျောင်းသား ၁၅၀၀ကျော်ရှိသော EcoleKhadinouRassoul ကျောင်းသို့လှူဒါန်းခဲ့ပါသည်။

interview-book-donation
pc-donation
school-nankham
university-foreign-lan

BCM

BCM